ရန်ကုန် - ဟနွိုင်း - ဟလောင်ကျွန်း ခရီးစဉ်

Tour Code: VTP-01
Duration: ၃ ညအိပ် ၄ ရက်ခရီးစဉ်
Coverage: ရန်ကုန် - ဟနွိုင်း - ဟလောင်     Price From: USD 520

ပထမနေ့  : ရန်ကုန် - ဟနွိုင်း

ရန်ကုန်မြို့မှ ညနေပိုင်းတွင် စတင်ထွက်ခွာပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းနိုင်ငံတကာ လေဆိပ်သို့ 
ရောက်ရှိပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွန်မှ လာရောက် ကြိုဆိုပြီးနောက် Hotel သို့ ရောက်ရှိကာ
အိပ်စက် အနားယူပါမည်။ (Honoi)

ဒုတိယနေ့  : ဟနွိုင်း - ဟလောင် (မနက်စာ / နေ့ လည်စာ / ညစာ)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး နောက်ဗီယက်နမ်၏ ကမ္ဘာကျော် မြစိမ်းရောင်ပင်လယ်ပြင်ရှိရာဟလောင်သို့  ထွက်ခွာပါမည်။ ပင်လယ်ထဲတွင်
ရေထဲမှသသာဝအလျောက်ထွက်ပေါ်နေသောကျောင်ဆောင်ကျောက်တန်းများ၊ လှပစွာဖြစ်တည်နေသောကျောက်ဂူတို့ ကို သင်္ဘောဖြင့်သွားရောက်
လည်ပတ်ကြပါမည်။ ထို့ နောက်နေ့ လည်စာကိုသန့် ရှင်းလက်ဆက်သော ပင်လယ်စာဖြင့် သင်္ဘောပေါ်တွင် ဧည့်ခံပါမည်။ နေ့ လည်စာသုံးဆောင်ပြီး
ရေပြင်ကျယ်ကြီးအတွင်း လှပသောကျောက်ဆောင်များ ကမ်းခြေများကို ကြည့်ရှူပါမည်။ ရေကစားရန်အတွက် အချိန်ပေးပါမည်။ ပြီးနောက်ညစာ
သုံးဆောင်ပြီးနောက်တွင် အိပ်စက်အနားယူပါမည်။

တတိယနေ့  : ဟလောင် - လနွိုင်း (မနက်စာ / နေ့ လည်စာ / ညစာ)

သင်္ဘောပေါ်တွင် နံနက်စောစောထိုက်ကျိလေ့ကျင့်ခန်းနှင့်မိတ်ဆက်ပေးပါမည်။ မနက်စာသုံးဆောင်ပြီးနောက်ရေပြင်ကျယ်တောင်ကျောက်ဆောင်များနှင့်
ဓါတ်ပုံရိုက်ခြင်း၊ ချက်ပြုတ်နည်းများကိုစားဖိုမှုးများက သင်ကြားပြသပေးခြင်း၊ နေပူစာလှံ၍ ကော်ဖီသောက်အနားယူခြင်း မိမိတို့ နှစ်သက်ရာများဖြင့်
ပျော်ရွှင်နိုင်ပါသည်။ နေ့ လည်စာကို အရသာရှိစွာ သုံးဆောင်ပြီး သင်္ဘောပေါ်မှ Check Out လုပ်ပါမည်။ ပြီးနောက် မြို့တော် Hanoi သို့ ပြန်လည်
ထွက်ခွာပါမည်။ ဟနွိုင်းတွင် ဗီယက်နမ်ရိုးရာရေပေါ်ရုပ်သေးပြပွဲ ကိုကြည့်ရှူပါမည်။ ညစာသုံးဆောင်ပြီး နောက်ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

စတုတ္ထနေ့  : ဟနွိုင်း - ရန်ကုန် (မနက်စာ / နေ့ လည်စာ)

ဟိုတယ်တွင် မနက်စာသုံးတောင်ပြီး နောက်ထားရှိရာ BaDinhSquare ရှိ Hochiminh Mausoleum သို့ သွားရောက်လေ့လာပါမည်။ ထိုနောက် ဟိုချီမင်း၏
အိမ်တော်၊ သူ့ အသုံးအဆောင်များနှင့် လွတ်တော်အဆောက်အဦးတို့ ကိုလေ့လာလည်ပတ်ပါမည်။ ဆက်လက်ပြီးရှေါ်ဟောင်းစေတီ OnePillarPagoda ကို
ဖူးမြှော်ပြီးနေ့ လည်စာဖြင့် ဧည့်ခံပါမည်။ ထိုမှတဆင့်ဗီယက်နမ်၏ ပထမဦးဆုံး တက္ကသိုလ်ကိုသွားရောက်လေ့လာပြီးနောက် ရန်ကုန်သို့  လေကြောင်းဖြင့်
ပြန်လည်ထွက်ခွာလာမည်ဖြစ်ပါသည်။

Inclusions

  • ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ် နှင့် မနက်စာနေ့ စဉ်

  • ခရီးစဉ်တွင်ဖော်ပြထားသော နေ့ လည်စာ နှင့် ညစာများ

  • ခရီးစဉ်တွင် သွားရောက်လည်ပတ်ရန် ဖော်ပြထားသည့် နေရာဒေသများ

  • ခရီးစဉ်တစ်လျှောက် ကားအကြိုအပို့  ဝန်ဆောင်မှု

  • အင်္ဂလိပ်စကားပြော ဧည့်လမ်းညွန် နှင့် မြန်မာစကားပြော ဧည့်လမ်းညွန် ဝန်ဆောင်မှု

  • ခရီးစဉ်တွင် နေ့ စဉ် ရေသန့် ဘူးတစ်ဘူး

  • ရန်ကုန် - ဟနွိုင်း -ရန်ကုန် အသွားအပြန်လေယာဉ် လက်မှတ်
  • Exclusions

  • ကိုယ်ပိုင်အသုံး စရိတ်များ

  • ခရီးစဉ်တွင် မဖော်ပြထားသော နေရာဒေသ များသို့  သွားရောက်လည်ပတ်ခြင်းများ

  • ဟိုတယ်တွင် အသုံးပြုသော ဝန်ဆောင်မှုများ (Telephone bill, Laundry, etc...)
  • 游览代码: VTP-01
    持续时间:
    覆盖:     Price From: USD 520

    Top