|
ရန်ကုန် - ဘန်ကောက် - ရန်ကုန်
(၄ ည / ၅ ရက်) ခရီးစဉ်
ပထမနေ့
ရန်ကုန်မြို့ မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ နံနက်ပိုင်းလေယာဉ်ဖြင့် ထွက်ခွာပါမည်။
ဘန်ကောက်လေယာဉ်ကွင်းသို့ရောက်လျှင် အဆင်သင့် စောင့်ကြိုနေသောကားဖြင့် တည်းခိုမည့် ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်သို့ ဆက်လက်ထွက်ခွာပါမည်။ ဟိုတယ်သို့ရောက်လျှင် ဧည့် လမ်းညွန်မှ ဟိုတယ်တွင်စာရင်းသွင်းနေစဉ် ဧည့်ခန်းမ၌ ခေတ္တအနားယူပါမည်။ ပြီးနောက် ၀မ်ဖာ စားသောက်ဆိုင်တွင် နေ့လည်စာကိုအရသာရှိရှိ သုံးဆောင်ပါမည်။ ဆက်လက်ပြီး အယုဒ္ဓယ ရှေးဟောင်းမြို့တော်သို့ သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် အယုဒ္ဓယရှေးဟောင်းမြို့ တော်မှဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာပြီး ညနေစာကို ဘန်ကောက်တွင်သုံးဆောင်ပါမည်။ ပြီးနောက် ဟိုတယ်သို့ပြန်ပြီး အနားယူ အိပ်စက်ပါမည်။
ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာဘူဖေးစားသုံးပြီးနောက် ထိုင်းနိုင်ငံတွင်ထင်ရှားကျော်ကြားသော မြကျောက်ဖြင့်ပြုလုပ်ထားသော မြဘုရားနှင့် ဘုရင့်နန်းတော်သို့ သွားရောက်ဖူးမျှော်လည်ပတ် ပါမည်။ ၄င်းနောက် အိပ်မက်ကမ္ဘာ( Dream World ) သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာ ဘူဖေးကို (Dream World
တွင်) သုံးဆောင်ပါမည်။ ( Dream World )တွင် လေးနာရီခန့် လည်ပတ်ပြီးနောက် ဟိုတယ်သို့ပြန်၍ တစ်နာရီခန့်အနားယူပါမည်။ ၄င်းနောက် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညနေစာစားသုံးပါမည် စားသုံးပြီးနောက် ဘန်ကောက်မြို့တွင် နာမည်ကျာ် ကြားသော စီလုံလမ်းမပေါ်ရှိ ပက်ပုန်းညဈေးသို့ သွားရောက်လည်ပတ်ပါမည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။
တတိယနေ့
ဟိုတယ်တွင် နံနက်စာဘူဖေးစားသုံးပြီးနောက် ဘန်ကောက်မြို့မှ ကီလိုမီတာ ( ၁၄၀ ) ကွာဝေးသော ပတ္တရားခေါ် အရှေု့တိုင်း၏ ဟာဝိုင်ရီကမ်းခြေသို့ ဧည့်ကြိုကားဖြင့် ထွက်ခွာပါမည်။ ပတ္တရားကမ်းခြေသို့ရောက်လျှင် ပတ္တရားနှင့် ကီလိုမီတာ ( ၆၀ ) ကွာဝေးသော နွန်နသစ်ခွပန်း ဥယျာဉ်သို့ ဆက်လက်ထွက်ခွာပါမည်။ ပန်းဥယျာဉ်အတွင်းတွင် လူအားနှင့် ပြုပြင်ပျိုးထောင်ထား သော ပန်းအလှများနှင့် တမူထူးခြားသည့် မျောက်ဖြင့်အုန်းသီးခူးခြင်း၊ ယဉ်ကျေးမှုပြပွဲတွင် တိုင်း ရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ ထိမ်းမြားလက်ထက်ခြင်း၊ ဆင်ဖြင့်တိုက်ပွဲဝင်ခြင်း စသည်တို့အား ကြည့်ရှု၍ ထိုင်းနိုင်ငံ၏ ရိုးရာဓလေ့ထုံးစံများကို ပိုမိုနားလည်နိုင်ပါသည်။ ၄င်းနောက် ဆင်ကြီးဆင်ငယ်များကခြင်း၊ လွန်ဆွဲခြင်း၊ ဘော်လုံးကန်ခြင်း၊ ဗာဂျာဖြင့် သီချင်းဆိုခြင်း များအပြင် လူများကို ခြေဖြင့်အမောဖြေနှိပ်ပေးခြင်း စသည့်ချစ်စရာကောင်းသော ဆင်လိမ္မာပြကွက်များကို ကြည့်ရှုခံစားနိုင်ပါသည်။ ၄င်းနောက် နေ့လည်စာစားပြီး ဥယျာဉ်တွင်ဓါတ်ပုံရိုက်၍ နွန်နဥယျာဉ်မှ အပြန် ပတ္တရားကမ်းခြေတွင် ရေကစားလိုပါက ကစားနိုင်ပါသည်။ ညနေပိုင်းတွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေစာကို ဟိုတယ်သို့ မရောက်ခင် ဧည့်ခံမှာ ဖြစ်ပါသည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။
စတုတ္ထနေ့ ဟိုတယ်တွင် နံနက်စာစားသုံးပြီး ပျော်ပျော်ပါးပါးဈေးဝယ်ထွက်ပါမည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။
ပဉ္စမနေ့
ဟိုတယ်တွင် နံနက်စာကို စောစောစားသုံးပြီးနောက်၊ ဧည့်လမ်းညွှန်မှ လေဆိပ်သို့ပိုဆောင် ပေးပါမည်။
ခရီးစဉ်တွင်ပါဝင်သည်များမှာ
-
အသွားအပြန်လေယာဉ်လက်မှတ်နှင့် လေဆိပ်အခွန်၊ မြန်မာဧည့်လမ်းညွှန်၊
-
ကြယ်သုံးပွင့်အဆင့်ဟိုတယ်နှင့် နံနက်စာ၊ နေ့လည်စာနှင့် ညနေစာများ၊ Dream World ၀င်ကြေး
-
ခရီးစဉ်တလျှောက် ကားအကြို၊ အပို့
-
ဗိဇာဝန်ဆောင်မှု
ခရီးစဉ်တွင်မပါဝင်သည်များမှာ
-
ခရီးစဉ်တွင် ဖေါ်ပြမထားသော လည်ပတ်မှုများနှင့် ဗီဇာကြေးများ
-
ရေသန့်ဗူးနှင့် အချိုရည်များ၊ ခရီးစဉ်တွင်ပါသည်ဟု ဖေါ်ပြမထားသော
ဝင်ကြေးများ
-
လေယာဉ်အတွက် ၀န်ပိုဝန်ဆောင်စရိတ်များ
-
ကိုယ်ပိုင် အသုံးစရိတ်များ
 |