|
စင်္ကာပူ - မလေးရှား (၆
ည / ၇ ရက်) ခရီးစဉ်
(၁)
ပထမနေ့
ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာရာ စင်္ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ ရောက်ရှိပြီး၊ ၄င်းမှ တဆင့် တည်းခိုမည့်ဟိုတယ်သို့ ဆက်လက်ထွက်ခွာကြပါမည်။ ညနေပိုင်းတွင် နာမည်ကျော် Orchard Road Sightseeing နှင့် အရှေ့တောင်အာရှနာမည်ကြီးကုန်တိုက်သို့ ဈေးဝယ်ထွက်ပါမည်။ Orchard Road ရှိ Restaurant တွင် ညစာကိုတည်ခင်းဧည့်ခံပါမည်။ စင်္ကာပူတွင် ညအိပ်ပါမည်။
ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး၊ စင်္ကာပူနိုင်ငံ၏ Land Mark ဖြစ်သည့် Durin and Merlion Park သို့ အမှတ်တရဓါတ်ပုံရိုက်ကြပြီး စင်္ကင်္ာပူရောက်မြန်မာများစုဝေးရာ Peninsular Plaza သို့ သွားရောက်လေ့လာကြပြီး နေ့လည်စာအား ၄င်းနေရာ၌ပင် မြန်မာထမင်းဟင်းဖြင့် ဧည့်ခံပါမည်။ ၄င်းနောက် Suntec Shopping Mall အား လှည့်လည်ကြည့်ရှုကြပြီး ညနေပိုင်းတွင် တရုတ်တန်း သို့သွားရောက်လည်ပတ်ပါမည်။ ညနေစာ စားသုံးပြီးနောက် ဟိုတယ်သို့ ပြန်ပြီးအနားယူ အိပ်စက် ပါမည်။
တတိယနေ့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး၊ နေ့လည်(၁၂း၀၀)နာရီအထိ ကိုယ်ပိုင်အချိန်ပေးပါမည်။
၎င်း နောက်နေ့လည်စာဖြင့် ဧည့်ခံပြီး ဆန်တိုဆာကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။ ၄င်းတွင် ရေအောက်ကမ္ဘာကိုကြည့်ခြင်း၊ ရေပန်းအကနှင့် Merlion ရုပ်ထုတို့ကိုကြည့်ရှုပြီး အမှတ်တရဓါတ်ပုံ ရိုက်ကြပါမည်။ ညနေစာအား ကျွန်းတွင်ဧည့်ခံပြီး အပန်းဖြေအနားယူကြပါသည်။
ည(၁၀း၀၀)နာရီတွင် စင်္ကာပူနှင့် မလေးရှားနယ်စပ်ထွက်ပေါက်မှတဆင့် မလေးရှားသို့ ညအိပ်ကားဖြင့် ထွက်ခွာကြပါမည်။
စတုတ္ထနေ့ နံနက်စောစောတွင် မလေးရှားနိုင်ငံ၏ နာမည်ကြီးအပန်းဖြေတောင်ပေါ်စခန်းမြို့ဖြစ်ပြီး၊ ကာစီနို
ကစားဝိုင်းများနှင့် လူကြီးလူငယ်မရွေး ကစားနိုင်သည့်နေရာဖြစ်သည့် Genting High Land သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အခန်းအရေအတွက် အများဆုံးဆုရထားသောဟိုတယ် ဖြစ်သည့် First World Hotel တွင် Check in လုပ်ပြီး နေ့လည်စာနှင့် ညနေစာများကို ဟိုတယ်တွင် ဧည့်ခံပါမည်။ တစ်နေ့လုံး ကစားကွင်းများတွင် ကစားရင်းအပန်းဖြေကြပါမည်။ Genting High Land တွင် ညအိပ်ပါမည်။
ပဉ္စမနေ့
ဟိုတယ်တွင် နံနက်စာကိုစာသုံးပြီးနောက်၊ ကွာလာလမ်ပူမြို့သို့ထွက်ခွာပါမည်။ တဆက်တည်း Sightseeing များဖြစ်သည့် Time Square Twin Tower Shopping များနှင့် ရှေးဟောင်း နာမည်ကျော် ဟိန္ဒူဘုရားကျောင်းဖြစ်သည့် Bathu Cave သို့ သွားရောက်ကြည့်ရှုလေ့လာ ကြပါမည်။ နေ့လည်စာနှင့် ညနေစာအား တရုတ်-မလေး အစားအစာများဖြင့် တည်ခင်းဧည့်ခံ ပါမည်။ ကွာလာလမ်ပူမြို့တွင် ညအိပ်ပါမည်။
ဆဌမနေ့
ဟိုတယ်တွင် နံနက်စာကို စားသုံးပြီးနောက်၊ နေ့လည်ကိုယ်ပိုင်အချိန်ပေးပါမည်။ ညနေပိုင်းတွင် တရုတ်တန်းနှင့် ကုန်တိုက်ကြီးများသို့ ပို့ဆောင်ပေးပါမည်။ ကွာလာလမ်ပူမြို့တွင် ညအိပ်ပါမည်။
သတ္တမနေ့
နံနက်တွင် ကွာလာလမ်ပူမြို့မှ စင်္ကာပူသို့ ပြန်လည်ထွက်ခွာလာပြီး နေ့လည်စာဖြင့် ဧည့်ခံပါမည်။ ၄င်းနောက် ချန်ဂီလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရောက်ရှိပါမည်။

စင်္ကာပူ - မလေးရှား (၆
ည / ၇ ရက်) ခရီးစဉ်
(၂)
ပထမနေ့
ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာရာ စင်္ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ ရောက်ရှိပြီး၊ ၄င်းမှ တဆင့် တည်းခိုမည့်ဟိုတယ်သို့ ဆက်လက်ထွက်ခွာကြပါမည်။ ညနေပိုင်းတွင် နာမည်ကျော် Orchard Road Sightseeing နှင့် အရှေ့တောင်အာရှ နာမည်ကြီးကုန်တိုက်သို့ ဈေးဝယ်ထွက်ပါမည်။ Orchard Road ရှိ Restaurant တွင် ညစာကို တည်ခင်းဧည့်ခံပါမည်။ စင်္ကာပူတွင် ညအိပ်ပါမည်။
ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး မွတ်စတာဖာကုန်တိုက်နှင့် Little India သို့ သွားရောက် လေ့လာဈေးဝယ်ပါမည်။ ၄င်းနောက်နေ့လည်စာဖြင့်ဧည့်ခံပြီး ဆန်တိုဆာကျွန်းသို့ သွားရောက် လည်ပတ်ပါမည်။ ၄င်းတွင်
ရေအောက်ကမ္ဘာကိုကြည့်ခြင်း၊ ရေပန်းအကနှင့် Merlion ရုပ်တုတို့ကို ကြည့်ရှုပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ညနေစာအား ကျွန်းတွင်ဧည့်ခံပြီး အပန်းဖြေ အနားယူကြပါမည်။ စင်္ကာပူတွင် ညအိပ်ပါမည်။
တတိယနေ့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး၊ စင်္ကာပူနိုင်ငံ၏ Land Mark ဖြစ်သည့် Durin and Merlion Park သို့ အမှတ်တရဓါတ်ပုံရိုက်ကြပြီး စင်္ကင်္ာပူရောက်မြန်မာများစုဝေးရာ Peninsular Plaza သို့ သွားရောက်လေ့လာကြပြီး နေ့လည်စာအား ၄င်းနေရာ၌ပင် မြန်မာထမင်းဟင်းဖြင့် ဧည့်ခံပါမည်။ ၄င်းနောက်နေ့လည်တွင် စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ထွက်ခွာပါမည်။ ကွာလာလမ်ပူမြို့သို့ရောက်လျှင် ဟိုတယ်သို့ ဆက်လက်ထွက်ခွာပြီးပါမည်။ ဟိုတယ်တွင် ခေတ္တ ခဏအနားယူပြီးနောက် နာမည်ကျော် Twin Tower ၏ ညဘက်အလှသို့ သွားရောက်လည်ပတ်ပြီး ညနေစာကို စားသုံးပါမည်။ ကွာလာလမ်ပူမြို့တွင် ညအိမ်ပါမည်။
စတုတ္ထနေ့ ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ မလေးရှားနိုင်ငံ၏ နာမည်ကြီး အပန်းဖြေတောင်ပေါ် စခန်းမြို့ဖြစ်ပြီး၊ ကာစီနိုကစားဝိုင်းများနှင့် လူကြီးလူငယ်မရွေး
ကစားနိုင်သည့်နေရာဖြစ်သည့် Genting High Land သို့ရောက်ရှိမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အခန်းအရေအတွက် အများဆုံး ဆုရထားသော ဟိုတယ်ဖြစ်သည့် First World Hotel တွင် Check in လုပ်ပြီး နေ့လည်စာနှင့် ညနေစာများကို ဟိုတယ်တွင်ဧည့်ခံပါမည်။ တစ်နေ့လုံးကစားကွင်းများတွင် ကစားရင်း အပန်းဖြေကြပါမည်။ Genting High Land တွင် ညအိပ်ပါမည်။
ပဉ္စမနေ့
ဟိုတယ်တွင် နံနက်စာကိုစာသုံးပြီးနောက်၊ ကွာလာလမ်ပူမြို့သို့ထွက်ခွာပါမည်။ တဆက်တည်း Sightseeing များဖြစ်သည့် KL Bridge Park, National Museum, National Art Gallery, National Theatre များနှင့် ရှေးဟောင်းနာမည်ကျော် ဟိန္ဒူဘုရားကျောင်းဖြစ်သည့် Bathu Cave သို့ သွားရောက်ကြည့်ရှုလေ့လာကြပါမည်။ နေ့လည်စာနှင့် ညနေစာအား တရုတ်-မလေး အစားအစာ များဖြင့် တည်ခင်းဧည့်ခံပါမည်။ ကွာလာလမ်ပူမြို့တွင် ညအိပ်ပါမည်။
ဆဌမနေ့
ဟိုတယ်တွင် နံနက်စာကို စားသုံးပြီးနောက်၊ Petrosain, The Discovery Centre, Sunway Lagoon, Callest Flagploe တို့တွင် လည်ပတ်ပြပါမည်။။ ညနေပိုင်းတွင် တရုတ်တန်းနှင့် ကုန်တိုက်ကြီးများသို့ ပို့ဆောင်ပေးပါမည်။ ကွာလာလမ်ပူမြို့တွင် ညအိပ်ပါမည်။
သတ္တမနေ့
နံနက်တွင် ကွာလာလမ်ပူမြို့မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရောက်ရှိပါမည်။
 |