Outbound Tour Programs
Vietnam Tour
YANGON - HANOI - HALONG BAY - NINH BINH - YANGON
(၄ ည ၅ ရက် ခရီးစဉ်)
ပထမနေ့ ။      ။ ရန်ကုန် - ဟနွိုင်း
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့သို့ ထွက်ခွာပါမည်...ဟနွိုင်းလေဆိပ်သို့ ရောက်လျှင် ခရီးသွားလမ်းညွန်တစ်ဦးမှ လာရောက် ကြိုဆိုပါမည်။ ထိုမှတဆင့် ဟနွိုင်းမြို့တွင်းရှိ Thang Long Opera Hotel  သို့ ပို့ ဆောင်ပါမည်။  တစ်ညတာအိပ်စက် အနားယူပါမည်။
ဒုတိယနေ့ ။      ။ ဟနွိုင်း (မနက်စာ ၊ နေ့လည်စာ ၊ ညစာ)
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့ကို တစ်နေ့ပတ်လုံး အလည်ထွက်ပါမည်။ ဟနွိုင်းမြို့တော်သည် ပြင်သစ်ကိုလိုနီလက်တက်က ဗိသုကာလက်ရာ အဆောက်အအုံများနှင့် အရှေ့တိုင်းဗိသုကာလက်ရာ ပေါ်လွင်သော ဘုရားကျောင်းများဆွဲဆောင်မှုဖြင့် ထင်ရှားလှပါသည်။ အထူးသဖြင့် ဟနွိုင်းမြို့တော်သည် အခြားအာရှမြို့တော်များနှင့်မတူ တမူထူးခြားစွာ သစ်ပင်များစီတန်းနေသော လမ်းမကြီးများရှိသည်။ ပထမဆုံးအနေဖြင့် စာပေကျောင်းဟု ဆိုစမှတ်ပြုသော ဗီယက်နမ်၏ ပထမဆုံးတက္ကသိုလ်ကို အလည်ထွက်ပါမည်။ ထိုတက္ကသိုလ်ကို (၁၁) ရာစုတွင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပြီးနောက် ဗီယက်နမ်ရိုးရာစက်ဘီးဖြင့် ကိုလိုနီမြို့ဟောင်းနှင့် ဓားဆည်ကန်သို့ မိနစ် (၆၀) ကြာ အလည်ထွက်ပါမည်။ ကိုလိုနီမြို့ဟောင်းအတွင်းတွင် ဆိုရိုးအရ "၃၆ လမ်းများမှ ၃၆ မျိုးသောကုန်ပစ္စည်းများ " ကိုစုံလင်စွာ တွေ့ရှိရမည်။ ညနေပိုင်းတွင် ဗီယက်နမ်ရိုးရာ ရေပေါ်ရုပ်သေး အက ပြဇာတ်ကိုကြည့် ရှုရမည်။ Thang Long Opera Hotel တွင်တစ်ညတာ အိပ်စက်မည်။
တတိယနေ့ ။      ။ ဟနွိုင်း (မနက်စာ ၊ နေ့လည်စာ ၊ ညစာ)
ဟနွိုင်းမြို့တော်တွင် ကျန်ရှိနေသေးသော နေရာများကို အလည်ထွက်ပါမည်။ ခရီးစဉ် အတွင်း ဟိုချီမင်း ဗိမာန်၊ ရိုးရာဓလေ့တဲအိမ်များ၊ ဟိုချီမင်းပြတိုက်နှင့် ပင်မတစ်တိုင်ထောက် ဘုရားသို့လည်ပတ်ပါမည်။ နေ့လည်စာကို ၊ Pho ဟုခေါ်သော ဟနွိုင်း၏ ဗီယက်နမ်စပါယ်ရှယ်ရိုးရာ အစားအစာဖြင့် သုံးဆောင်မည် ဖြစ်သည်။ ထို့နောက် ဟလုံ( HaLong ) မြို့သို့ ခရိးထွက်ခွာမည်။ ဟလုံ မြို့မှ Grand Ha Long Hotel တွင် အနားယူအိပ်စက်မည်။
စတုတ္ထနေ့ - ဟလုံကမ်းခြေ ( မနက်စာ ၊ နေ့လည်စာ ၊ ညစာ )
ဟလုံကမ်းခြေတစ်လျှောက် လေးနာရီကြာ အလည်ထွက်မည်။ ဟလုံကမ်းခြေသည် Bac Bo ပင်လယ်ကွေ့မှ ကျောက်စိမ်းရေကြည်များဖြင့် ဖြစ်ထွန်းလာသော ရင်သပ်ရှုမောဖွယ်ရာ ထုံးကျောက်ကျွန်းပေါင်း ၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာအမွေအနှစ်အဖြစ်သတ်မှတ်ခံထားရသော နေရာတစ်ခုဖြစ်သည။် ထိုရှုမျော်ခင်းသည် ဗီယက်နမ်၏ ဆွဲဆောင်မှုအရှိဆုံးသော နယ်မြေတစ်ခုလည်းဖြစ်သည်။ ၁၅၀၀ ကီလိုမီတာ စတုရန်းမိုင်းမျှသော အကျယ်အ၀န်းတွင် မရေတွက်နိုင်သော ကမ်ခြေများနှင့် ထုံးကျောက်ဂူများသည် ပင်လယ်လေလှိုင်းများဖြင့် နှစ်ကာလကြာရှည်စွာ တည်ဆောက်လာပြီး ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလာ မှုကို အထောက်အကူပြုလျက်ရှိသည်။ နေ့လယ်စာကို ပင်လယ်စာဖြင့် သုံးဆောင်မည်။ ထို့နောက် နှင်ဘင်(NInh Binh) မြို့ကို ခရီးဆက်မည်။ လမ်းတစ်လျှောက်တွင် ဗင်လုန်း(Van Long)တူးမြောင်းကို ဖြတ်ကျော်ရင်း ရှုခင်းအလှကိုခံစားမည်။ နှင်ဘင်မြို့ရောက်လျှင် Thuy Anh Hotel တွင်အနားယူမည်။
ပဉ္စမနေ့ ။      ။နှင်ဘင် - ရန်ကုန် ( မနက်စာ ၊ နေ့လည်စာ )
ဟွာလူ(Hoa Lu) ဟု အမည်တွင်သော ရှေးဟောင်းမြို့တော်နှင့် ဒင်ဘုရင်၊ လီဘုရင် ဘုရားကျောင်းကို အလည်ထွက်မည်။ ပြီးနောက် Tom Coc ဟုဆိုသော ထုံးကျောက်ဂူသုံးခုကိုဆက်မည်။ လှေငယ်ဖြင့် ခရီးဆက်မည်ဖြစ်ပြီး တူးမြောင်းများ ၊ ကျေးရွာများ ၊ စိမ်းလန်းသော စပါးခင်းများနှင့် ဟလုန်းကုန်းပေါ် ကမ်းခြေဟု ဆိုသောရှုခင်းများကို တ၀ကြည့် ရှုခံစားရမည်၊ လှေဆိပ်သို့ ပြန်ပြီး ဟနွိုင်းလေဆိပ်သို့ ခရီးဆက်မည်။ ထို့မှ ရန်ကုန်သို့ လေယာဉ်စီးနင်းပြီး ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။
  • (၄) ညအိပ် Hotel ခ (နှစ်ယောက်အိပ်ခုတင်၊ တစ်ယောက်အိပ်ခုတင်နှစ်ခု ၊ လေအေးပေးစက် နှင့် ကိုယ်ပိုင်ရေချိုးခန်းပါမည်)။
  • ခရီးစဉ်အတွင်း ယာဉ်စီးခ
  • အင်္ဂလိပ်စကားပြန် ၀န်ဆောင်ခ
  • ခရီးစဉ်တွင် ဖော်ပြထားသည့် အတိုင်း (မနက်စာ၊နေ့လည်စာ၊ညစာ) ပါရှိမည်။
  • ၀င်ကြေးများ
  • ရန်ကုန် - ဟနွိုင်း - ရန်ကုန် လေယာဉ်လက်မှတ်
  • ဟနွိုင်း လေဆိပ်အခွန်
  • ရန်ကုန် လေဆိပ်မှ / သို့ အပို့ ၊ အကြို။
မပါဝင်သောဝန်ဆောင်မှုများ....
  • ခရီးသွားအာမခံ
  • ထပ်ဆင့်ကုန်ကျသော ပွဲလန်းသဘင်များမှ အစားအသောက်စရိတ်
  • ကိုယ်ရေးကိုယ်တာ သုံးစွဲမှု
  • Tips များ
မှတ်ချက်။        ။ ခရီးစဉ်များကို အပတ်စဉ် အင်္ဂါနေ့ ၊ ကြာသာပတေးနေ့ ၊ စနေနေ့နှင့် တနင်္ဂနွေနေ့ များတွင် ထွက်ခွာမည်။
Book Now
Top
SHAN YOMA TRAVEL & TOURS COMPANY LIMITED
Yangon Office
NO.124/126, 50th Street, Yangon, Myanmar (Burma) Tel: 295510, 299389, 204152, 726322, 726323,  0973142885, 0973142886,0973142887
Fax: (+95-1) 299389, E-mail: info@exploremyanmar.com, explore@myanmar.com.mm
More Information:
Please see our web sites below:
http://www.myanmartouroperator.com | http://www.hotelsinmyanmar.com http://www.myanmartravelagency.com | http://www.visamyanmar.com |
http://www.myanmarairinformation.com | http://www.honeymoonmyanmar.com | http://www.exploreasean.net |
http://www.myanmartraveltour.net | http://www.exploreglobaltravel.com