|
ဘန်ကောက် -
စင်္ကာပူ - မလေးရှား (၈
ည / ၉ ရက်) ခရီးစဉ်
ပထမနေ့
ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ နံနက်ပိုင်းလေယာဉ်ဖြင့်
ထွက်ခွာပါမည်။ ဘန်ကောက် လေယာဉ်ကွင်းသို့ရောက်လျှင် အဆင်သင့်စောင့်ကြိုနေသောကားဖြင့် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်သို့ ဆက်လက်ထွက်ခွာပါမည်။ ဟိုတယ်သို့ရောက်လျှင် ဧည့်လမ်းညွှန်မှ ဟိုတယ်တွင် စာရင်းသွင်းနေစဉ် ဧည့်ခန်းမ၌ ခေတ္တအနားယူပါမည်။ ပြီးနောက် ၀မ်ဖာစားသောက်ဆိုင်တွင် နေ့လည်စာကို အရသာရှိရှိသုံးဆောင်ပါမည်။ ဆက်လက်ပြီး
အယုဒ္ဓယမြို့သို့ ပြန်လည်ထွက်ခွာ ပါမည်။ ညနေပိုင်းတွင်
အယုဒ္ဓယရှေးမြို့ဟောင်းမှ ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာပြီး ညနေစာကို ဘန်ကောက်တွင် ဧည့်ခံပါမည်။ ပြီးနောက်ဟိုတယ်သို့ ပြန်ပြီးအနားယူ အိပ်စက် ပါမည်။
ဒုတိယနေ့
ဟိုတယ်တွင် နံနက်စာဘူဖေးစားသုံးပြီးနောက် ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသော မြကျောက်ဖြင့် ပြုလုပ်ထားသော မြဘုရားနှင့် ဘုရင့်နန်းတော်သို့ သွားရောက်ဖူးမျှော်လည်ပတ်
ပါမည်။ ၄င်းနောက် အိမ်မက်ကမ္ဘာ (Dream World) သို့ သွားရောက်လည်ပတ်ပြီး ဘူးဖေး နေ့လည်စာကို (Dream World) တွင် သုံးဆောင်ပါမည်။ (Dream World) တွင် လေးနာရီခန့် လည်ပတ်ပြီး ဟိုတယ်သို့ပြန်၍ တစ်နာရီခန့်အနားယူပါမည်။ ၄င်းနောက် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ညနေစာကိုစားသုံးပြီးနောက်၊ ဘန်ကောက်မြို့တွင် နာမည်ကျော်ကြားသော စီးလုံလမ်းမပေါ်ရှိ ပက်ပုန်းဈေးသို့လည်ပတ်ပါမည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။
တတိယနေ့
ဟိုတယ်တွင် နံနက်စာဘူဖေးစားသုံးပြီးနောက် ဘန်ကောက်မြို့မှ
ကီလိုမီတာ(၁၄၀)ခန့် ကွာဝေးသော ပတ္တရားခေါ် အရှေ့တိုင်းဟာဝိုင်ရီကမ်းခြေသို့ ဧည့်ကြိုကားဖြင့် ထွက်ခွာပါမည်။ ပတ္တရားကမ်းခြေသို့ရောက်လျှင် ပတ္တရားနှင့် ကီလိုမီတာ(၆၀)ခန့်ကွာဝေးသော နွန်နသစ်ခွပန်း ဥယျာဉ်သို့ ဆက်လက်ထွက်ခွာပါမည်။ ပန်းဥယျာဉ်တွင် လူအားနှင့်ပြုပြင်ထားသော ပန်းအလှ များနှင့် တမူထူးခြားသည့် မျောက်ဖြင့်အုန်းသီးခူးခြင်း၊
ယဉ်ကျေးမှုပြပွဲတွင် တိုင်းရင်းသားရိုးရာ အကများဖြင့်ကပြခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း၊ ဆင်ဖြင့်တိုက်ပွဲဝင်ခြင်း
စသည့်တို့ကိုကြည့်ရှု၍ ထိုင်းနိုင်ငံ၏ ရိုးရာဓလေ့ထုံးစံများကို ပိုမိုနားလည်နိုင်ပါသည်။ ၄င်းနောက် ဆင်ကြီးဆင်ငယ်များ ကခြင်း၊ လွန်ဆွဲခြင်း၊ ဘော်လုံးကန်ခြင်း၊ ဗာဂျာဖြင့် သီချင်းဆိုခြင်းအပြင် လူများကိုခြေဖြင့် အမောပြေနှိပ်ပေးခြင်းစသည့် ချစ်စရာကောင်းသော ဆင်လိမ္မာပြကွက်များကို ကြည့်ရှုခံစား နိုင်ပါသည်။ ၄င်းနောက် နေ့လည်စာစားပြီး ဥယျာဉ်တွင် ဓာတ်ပုံရိုက်၍ နွန်နဥယျာဉ်မှအပြန် ပတ္တရားကမ်းခြေတွင် ရေကစားလိုပါ ကစားနိုင်ပါသည်။ ညနေပိုင်းတွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေစာကို ဟိုတယ်သို့ မရောက်ခင်ဧည့်ခံမှာဖြစ်ပါသည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။
စတုတ္ထနေ့ ဟိုတယ်တွင် နံနက်စာကိုစားသုံးပြီးနောက်၊ ပျော်ပျော်ပါးပါး စင်္ကာပူနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာပါမည်။ စင်္ကာပူလေဆိပ်သို့ရောက်လျှင် အသင့်စောင့်ကြိုနေသောကားဖြင့် ကြယ်သုံးပွင့် အဆင့်ရှိဟိုတယ်သို့ ဆက်လက်ထွက်ခွာပါမည်။ ဟိုတယ်သို့သွားနေစဉ် လမ်း၌ ညနေစာကို စားသုံးပါမည်။ ဟိုတယ်သို့ရောက်လျှင် ဧည့်လမ်းညွှန်မှ ဟိုတယ်၏ ဧည့်ကြိုကောင်တာတွင် စာရင်းသွင်းပေးပြီး ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
ပဉ္စမနေ့
ဟိုတယ်တွင် နံနက်စာကိုစားသုံးပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို၍ တစ်နေ့တာ လည်ပတ်မှုကို နံနက်(၉)နာရီတွင် စတင်ပါမည်။ ယင်းနေ့တွင် အိန္ဒိယဘုရားကျောင်း၊ မွတ်စတာဖာကုန်တိုက်၊ ရုက္ခဗေဒဥယျာဉ်၊ တရုတ်တန်း
စသည်များကို လည်ပတ်ပါမည်။ ၄င်း နောက်နေ့လည်စာကို သုံးဆောင်ပါမည်။ နာမည်ကျော် ဆန်တိုစာကျွန်းသို့ သွားရောက် လည်ပတ်ပါမည်။ ဆန်တိုစာကျွန်းတွင်
ရေအောက်ကမ္ဘာပြတိုက်၊ ဒေါ်လဖင်ပြပွဲ၊ နာမည်ကြီး မာလိုင်ယွန်ရုပ်ထုရှိ လှပသောရေပန်းအကများကို ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ပြီးနောက် တစ်နေ့တာလည်ပတ်မှုကို အဆုံးသတ်ပါမည်။
ဆဋ္ဌမနေ့
ဟိုတယ်တွင် နံနက်စာစားသုံးပြီးနောက်၊ စင်္ကာပူနိုင်ငံ၏ land Mar ဖြစ်သော Durin and Merlion သို့ အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး၊ စင်္ကာပူရောက်မြန်မာများစုဝေးရာ Peninsular Plaza သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို မြန်မာထမင်းဟင်းဖြင့် ဧည့်ခံပါမည်။ ၄င်းနောက် Suntec Shopping Mall အား လှည့်လည်ကြည့်ရှုပြီး၊ နာမည်ကြီး Orchard Road သို့ လှည့်လည် ကြည့်ရှုဈေးဝယ်ပါမည်။ Orchard Road ရှိစားသောက်ဆိုင်တွင် ညနေစာစားသုံးပြီးနောက် ည(၁၀း၀၀)နာရီတွင် စင်္ကာပူနှင့်မလေးရှား နယ်စပ်ထွက်ပေါက်မှတဆင့် မလေးရှားနိုင်ငံသို့ ညအိပ်ကားဖြင့် ထွက်ခွာပါမည်။
သတ္တမနေ့
နံနက်စောစောတွင် မလေးရှားနိုင်ငံ၏ နာမည်ကြီး အပန်းဖြေတောင်ပေါ်စခန်းမြို့ဖြစ်ပြီး၊ ကာစီနိုကစားဝိုင်းများတွင် ကစားရင်း အပန်းဖြေကြပါမည်။ Genting High Land တွင် ညအိပ်ပါမည်။
အဋ္ဌမနေ့
ဟိုတယ်တွင် နံနက်စာကို စားသုံးပြီးနောက်၊ ကွာလာလမ်ပူမြို့သို့ ထွက်ခွာပါမည်။ တဆက်တည်း Sightseeing Cave ဖြစ်သည့် Time Square Twin Tower Shopping များနှင့် ရှေးဟောင်း နာမည်ကျော် ဟိန္ဒူဘုရားကျောင်းဖြစ်သည့် Bathu Cave သို့ သွားရောက်ကြည့်ရှုလေ့လာ ကြပါမည်။ နေ့လည်စာနှင့် ညနေစာအား တရုတ်-မလေး အစားအစာများဖြင့် တည်ခင်း ဧည့်ခံပါမည်။ ကွာလာလမ်ပူမြို့ တွင် ညအိပ်ပါမည်။
န၀မနေ့
ဟိုတယ်တွင် နံနက်စာကိုစားသုံးပြီးနောက်၊ ဧည့်လမ်းညွှန်မှ လေဆိပ်သို့ လိုက်လံပို့ဆောင် ပါမည်။
ခရီးစဉ်တွင်ပါဝင်သည်များမှာ
- အသွားအပြန်လေယာဉ်လက်မှတ်နှင့် လေဆိပ်အခွန်၊ မြန်မာဧည့်လမ်းညွှန်၊
- ကြယ်သုံးပွင့်အဆင့်ဟိုတယ်နှင့် နံနက်စာ၊ နေ့လည်စာနှင့် ညနေစာများ၊ Dream World ၀င်ကြေး
- ခရီးစဉ်တလျှောက် ကားအကြို၊ အပို့
- ဗိဇာဝန်ဆောင်မှု
ခရီးစဉ်တွင်မပါဝင်သည်များမှာ
- ခရီးစဉ်တွင် ဖေါ်ပြမထားသော လည်ပတ်မှုများနှင့် ဗီဇာကြေးများ
- ရေသန့်ဗူးနှင့် အချိုရည်များ၊ ခရီးစဉ်တွင်ပါသည်ဟု ဖေါ်ပြမထားသော
ဝင်ကြေးများ
- လေယာဉ်အတွက် ၀န်ပိုဝန်ဆောင်စရိတ်များ
- ကိုယ်ပိုင် အသုံးစရိတ်များ
 |